လိုက်ပ်ဇစ်အသင်းက ရှက်ရှကိုအားခေါ်ယူဖိုမန်ယူနိုက်တက်နဲ့ နယူးကာဆယ် အပြိုင်စိတ်ဝင်စားနေ

မန်ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းဟာ လိုက်ပ်ဇစ်အသင်းက ဆလိုဗေးနီးယားလက်ရွေးစင်တိုက်စစ်မှူး ရှက်ရှကိုအားခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။

လိုက်ပ်ဇစ်အသင်းက ရှက်ရှကိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၆၇.၃ သန်း သတ်မှတ်ထားပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားခဲ့တာဖြစ်တယ်။

စာချုပ်လျော်ကြေးက ပေါင် ၅၅ သန်းပမာဏရှိမယ့် အဲဒီတုန်းက သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်အသင်းက ရှက်ရှကိုအား ခေါ်ယူဖို ကနဦးစိတ်ဝင်စားခဲ့ပြီး အီဆက်ခ်နေရာ အစားထိုးဖို ပစ်မှတ်ထားခဲ့ပါတယ်။

မန်ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဟွိင်လန်း၊ ဇက်ဇီးတိုကြောင့် ရှက်ရှကိုနဲ့အားဖြည့်ဖို ဆန္ဒရှိနေပါတယ်။

မန်ယူနိုက်တက်၊ နယူးကာဆယ်အသင်းတွေနဲ့ ပတ်သက်ပြီး သတင်းတွေက အမျိုးမျိုးထွက်နေကာ မကြာခင်မှာ အဖြေထွက်ပေါ်ဖွယ် ရှိနေပါတယ်။

ရှက်ရှကိုဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ ဆာလ်ဇ်ဘာ့ဂ်အသင်းအနေ လိုက်ပ်ဇစ်ကို ရောက်လာပြီး ပြိုင်ပွဲစုံ ၈၇ ပွဲကစား ၃၉ ဂိုးသွင်းယူထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။