လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို အမ်ဘာပေ ဒုတိယအကြိမ်မြောက် ဆွတ်ခူး

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ စက်တင်ဘာလအတွက် လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။

၎င်းဟာ လာလီဂါတစ်လတာအကောင်းဆုံးဆုကို ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ရရှိဖူးပြီး အခု ဒုတိယအကြိမ်မြောက်လည်း ဖြစ်ခဲ့ပါတယ်။

အမ်ဘာပေဟာ စက်တင်ဘာလအတွင်း လာလီဂါ လေးပွဲကစားရာမှာ ငါးဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ပွဲတိုင်းဂိုးသွင်းခဲ့ပြီး လီဗန်တေးနဲ့ပွဲမှာ နှစ်ဂိုး၊ဆိုစီဒက်၊ အက်စ်ပန်ညို၊ အက်သလက်တီကိုတိုနဲ့ပွဲတွေမှာ တစ်ဂိုးစီ သွင်းနိုင်ခဲ့တာပါ။

လာလီဂါပြိုင်ပွဲမှာ ခုနစ်ပွဲကစား ရှစ်ဂိုး သွင်းယူထားပြီး ဂိုးအများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ နှစ်ပွဲကစားပြီးချိန်ဟက်ထရစ်တစ်ကြိမ်အပါအဝင် ငါးဂိုးအထိ ရှိနေပါတယ်

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။