လာမယ့်နှစ်နွေရာသီမှာ ဟာလန်းကို ခေါ်ယူဖို့ ဘာစီလိုနာ စိတ်ဝင်စားနေ

ဘာစီလိုနာအသင်းဟာ လာမယ့်နှစ်နွေရာသီမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအနေနဲ့ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေပေမဲ့ ဥက္ကဋ္ဌ လာပေါ်တာက ဟာလန်းကို မျက်စိကျနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။

လီဝန်ဒေါစကီးအနေနဲ့ ဘာစီလိုနာအသင်းမှာ သုံးရာသီ ရှိလာခဲ့ပြီး ၃၇ နှစ်အရွယ် သူ့ကို အသင်းက စာချုပ်သက်တမ်းတိုးဖို့ မရှိပါဘူး။

လက်ရှိမှာ လီဝန်ဒေါစကီး ရာသီကြိုဒဏ်ရာကနေ ပြန်ကောင်းလာပေမဲ့ နည်းပြ ဟန်ဆီဖလစ်ခ်က သူ့ကို အကန့်အသတ်နဲ့သာ အသုံးပြုနေပါတယ်။

အခြားတိုက်စစ်မှူးအဖြစ် ဖယ်ရန်တောရက်စ် ရှိနေပေမဲ့ အထောင်တိုက်စစ်နေရာမှာ ပုံမှန်ဦးဆောင်နိုင်ပါ့မလားဆိုတာ ဘာစီလိုနာဘုတ်အဖွဲ့က သံသယရှိနေပါတယ်။

ဒါကြောင့် ဥက္ကဋ္ဌ လာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့က လာမယ့်နှစ်နွေရာသီမှာ အထောင်တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စပိန်မီဒီယာ El Nacional က ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းက မန်စီးတီးကစားသမားဟောင်း အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အသင်းတွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ လာပေါ်တာကတော့ ဟာလန်းအပေါ်မှာပဲ အဓိကအာရုံစိုက်နေတယ်လို့ ယင်းသတင်းက ရေးသားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဟာလန်းဟာ ပြီးခဲ့တဲ့ဇန်နဝါလကမှ အသင်းနဲ့ ၂၀၃၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားခဲ့တာပါ။

ဟာလန်းအနေနဲ့ မန်စီးတီးအသင်းမှာ တစ်ပတ် ပေါင် လေးသိန်းဝန်းကျင် ရရှိနေတယ်လို့ သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။