ရာသီကုန်မှာ ရီးယဲလ်မက်ဒရစ်အသင်းက ကာဗာဟယ်လ် ထွက်ခွာမယ်

ရီးယဲလ်မက်ဒရစ်ဝါရင့်နောက်ခံလူ ကာဗာဟယ်လ်(၃၄ နှစ်)ဟာ အခုရာသီကုန်မှာ အသင်းက ထွက်ခွာတော့မယ်လို့ အသင်းဘက်က

အတည်ပြုကြေညာခဲ့ပါတယ်။

ကာဗာဟယ်လ်(၃၄ နှစ်)အနေနဲ့ အခုရာသီကုန်မှာ ရီးယဲလ်အသင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တယ်။

၎င်းဟာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၄၅၀ အထိ ကစားထားပြီး အသင်းဂန္ထဝင်တစ်ဦးလည်း ဖြစ်လာခဲ့တယ်။

ရီးယဲလ်အသင်းနဲ့အတူ ဆုဖလားပေါင်း ၂၇ လုံး ရယူနိုင်ခဲ့ကာ မိုဒရစ်(၂၈ လုံး)နောက် ဒုတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

ကာဗာဟယ်လ်ဟာ ၂၀၀၂ ခုနှစ်မှာ ရီးယဲလ်အကယ်ဒမီကို ရောက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်အသင်းကြီးနဲ့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ရီးယဲလ်အရန်အသင်းကနေ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းထံ ပြောင်းရွှေ့ခဲ့ကာ တစ်ရာသီသာ ကစားခဲ့ရပြီး ရီးယဲလ်အသင်းက

buy-back clause နဲ့ ပြန်လည်ခေါ်ယူခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ဆုဖလား ခြောက်ကြိမ် ဆွတ်ခူးနိုင်တဲ့ ကစားသမား ငါးဦးထဲက တစ်ဦးဖြစ်ခဲ့ပြီး ဗိုလ်လုပွဲ ခြောက်ပွဲစလုံးမှာ

ပွဲထွက်ကစားခွင့်ရရှိတဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် လာလီဂါဖလား လေးကြိမ်၊ စပိန်ဘုရင့်ဖလား နှစ်ကြိမ်၊ စပိန်စူပါဖလား လေးကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ခြောက်ကြိမ်၊ ဥရောပ

စူပါဖလား ငါးကြိမ် ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက စပိန်လက်ရွေးစင်အသင်းရဲ့ အမာခံကစားသမား ဖြစ်လာပြီး နိုင်ငံတကာပွဲ ၅၁ ပွဲကစားကာ ၂၀၂၃ Nations

League၊ ယူရို-၂၀၂၄ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။