ရပ်ရှ်ဖိုဒ်ကို ကစားသမားဘ၀ စိတ်ပျက်စရာအခြေအနေနဲ့ အဆုံးမသတ်စေရေး တူဟယ်လ် သတိပေး

အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ်ကို ကစားသမားဘ၀ စိတ်ပျက်စရာအခြေအနေနဲ့ အဆုံးမသတ်စေရေး သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက ရပ်ရှ်ဖိုဒ်ရဲ့အလားအလာက အကန့်အသတ်မရှိဘူးလိုလည်း သုံးသပ်ခဲ့ပါတယ်။

ရပ်ရှ်ဖိုဒ်ဟာ လက်ရှိမှာ မန်ယူနိုက်တက်ကနေ ဘာစီလိုနာအသင်းထံ အငှားသွားကစားနေပြီး ၁၀ ပွဲကစား သုံးဂိုးသွင်းကာ ငါးဂိုးဖန်တီးခဲ့ပါတယ်။

ရပ်ရှ်ဖိုဒ်(၂၇ နှစ်)အနေနဲ့ အက်စတွန်ဗီလာကို အငှားသွားကစားချိန်မှာလည်း အထိုက်အလျောက်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့မတ်လက ၂၀၂၄ ခုနှစ် မတ်လနောက်ပိုင်း ပထမဆုံးအဖြစ် အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ ယနေ့မှာ လတ်ဗီးယားအသင်းနဲ့ ခြေစစ်ပွဲအဝေးကွင်း ကစားရမှာပါ။

ဒီပွဲမှာ အနိုင်ရရုံနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ပါလိမ့်မယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။