မိမိအတွက် နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ဖြစ်တာကြောင့် အလွန်ထူးခြားလိမ့်မယ်လို မက်ဆီ ညွှန်းဆို

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီက စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဟာ မိမိအတွက် နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ဖြစ်တာကြောင့် အလွန်ထူးခြားလိမ့်မယ်လို့ ညွှန်းဆိုခဲ့ပါတယ်။

အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ မက်ဆီက ကစားသမားဘဝက ဘယ်တော့အနားယူမလဲဆိုတာ အတည်မပြုသေးပေမဲ့ နောက်ထပ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ အတည်ပြုလိုက်သလိုတော့ ဖြစ်သွားခဲ့ပါတယ်။

တောင်အမေရိကဇုန်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဟာ စက်တင်ဘာလအတွင်း အဆုံးသတ်တော့မှာဖြစ်ပြီး အာဂျင်တီးနားအသင်းက ပွဲမကုန်ခင်မှာကတည်းက ခြေစစ်ပွဲအောင်မြင်ထားပြီးသားပါ။

အာဂျင်တီးနားအသင်းဟာ စက်တင်ဘာ(၄)မှာ ဗင်နီဇွဲလားနဲ့ အိမ်ကွင်း၊ စက်တင်ဘာ(၉)မှာ အီကွေဒေါနဲ့ အဝေးကွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မက်ဆီရဲ့ နောက်ဆုံးအိမ်ကွင်းကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့ ဗင်နီဇွဲလားနဲ့ပွဲကို အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က လက်မှတ်စျေးနှုန်း မြှင့်တင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ဗင်နီဇွဲလားနဲ့ပွဲအပေါ် မက်ဆီက ”ကျွန်တော့်အတွက် အလွန့်အလွန်ထူးခြားတဲ့ပွဲ ဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တာကြောင့်ပါ။ ဒါကြောင့် ကျွန်တော့်မိသားစုက အဲဒီမှာ ကျွန်တော်နဲ့အတူ ရှိပါလိမ့်မယ်။ ကျွန်တော့်ဇနီး၊ ကျွန်တော့်ကလေးတွေ၊ ကျွန်တော့်မိဘတွေနဲ့ ကျွန်တော့်ညီအစ်ကိုမောင်နှမတွေပါ” လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။