မန်ယူနိုက်တက်အသင်းမှာ အီဘရာဟီမိုဗစ် ကစားခဲ့တုန်းကထက် ပိုသာအောင်လုပ်ပြနိုင်ဖို ရှက်ရှကို မျှော်လင့်

မန်ယူနိုက်တက်တိုက်စစ်မှူးသစ် ရှက်ရှကိုက သူ့ရဲ့ idol ဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တုန်းကထက် ပိုသာအောင်လုပ်ပြနိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြောခဲ့ပါတယ်။

ဆလိုဗေးနီးယားလက်ရွေးစင်တိုက်စစ်မှူး ရှက်ရှကိုအနေနဲ့ လိုက်ပ်ဇစ်ကနေ မန်ယူအသင်းထံ ယူရို ၈၅ သန်းတန် အပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့စနေနေ့က အပြီးသတ်ခဲ့တာပါ။

”ကျွန်တော် ငယ်ငယ်လေးကတည်းက သူ့(အီဘရာဟီမိုဗစ်)ကို စောင့်ကြည့်ခဲ့တယ်။ YouTube ဗီဒီယို တစ်ခုချင်းတိုင်းမှာ ကျွန်တော် သူ့ကိုပဲ ရှာဖွေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်အဖို့ အံ့အားသင့်စရာပါပဲ။ ကျွန်တော်တို့က စရိုက်လက္ခဏာ မတူပါဘူး။ ဒါပေမဲ့ သူ ကစားပုံ၊ ဘောလုံးမှာ ပျော်ရွှင်နေတာ၊ အရာရာတိုင်းကို ဘယ်လိုလုပ်ဆောင်သလဲကို ကျွန်တော် ကြည့်ရတာကြိုက်ပါတယ်။

တစ်နေ့မှာ သူနဲ့ဆုံဖို့က ကျွန်တော့် အိပ်မက်ပါပဲ။ ဒါက ကြီးကျယ်ခမ်းနားပြီး ယေဘုယျအနေနဲ့ သူက ကျွန်တော့် idol ပါပဲ။ ကျွန်တော်တို့ဟာ ကစားဟန် ကွဲပြားခြားနားပါတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျွန်တော်က သူလုပ်ခဲ့တဲ့အတိုင်း လိုက်လုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်”လို့ ရှက်ရှကိုက ပြောခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ မန်ယူနိုက်တက်အသင်းမှာ နှစ်နှစ်နီးပါးသာ ကစားခဲ့ပြီး ၅၃ ပွဲကစား ၂၉ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ရှက်ရှကိုက အသင်းတိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ဗန်ပါစီနဲ့ ဝိန်းရွန်နီတို့ကိုလည်း ချီးကျူးစကားဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးအဖြစ် အဆင့် ၁၅ နေရာသာ ရပ်တည်ခဲ့ပါတယ်။

ဒါပေမဲ့ ရှက်ရှကိုက အစောပိုင်း ကူညာနဲ့ အမ်ဘူမိုတို့ကို ခေါ်ယူမှုဟာ သူ့ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။