မန်ယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖိုဆိုတာ မိမိအိပ်မက်ဖြစ်ကြောင်း ပဲလေ့စ်နောက်ခံလူပြောကြား

မန်ယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖို့ဆိုတာ မိမိအိပ်မက်ဖြစ်ကြောင်း ပဲလေ့စ်နောက်ခံလူ
ပြောကြား

ခရစ္စတယ်ပဲလေ့စ်တောင်ပံခံစစ်ကစားသမား ဒန်နီရယ်လ်မူနော့ဇ် မန်ယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖို့ဆိုတာ မိမိအိပ်မက်ဖြစ်ကြောင်း အံ့အားသင့်ဖွယ် ပြောကြားခဲ့ပါတယ်။

မူနော့ဇ်ဟာ ပဲလေ့စ်သင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပြီး FA Cup ဗိုလ်လုပွဲမှာ မန်စီးတီးဘက်ကို အနိုင်ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ ခြောက်ဂိုးသွင်းပြီး ရှစ်ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တာပါ။

မုူနော့ဇ်(၂၉ နှစ်)ဟာ ပြီးခဲ့တဲ့နွေရာသီကလည်း ဘာစီလိုနာ၊ ချန်ပီယံလိဂ်ချန်ပီယံ PSG အသင်းတွေဆီကလည်း စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။

၎င်းအနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ဘယ်လ်ဂျီယံကလပ် KRCဂျန့်အသင်းကနေ ပဲလေ့စ်အသင်းကို ပြောင်းရွှေ့လာတာဖြစ်တယ်။

ပရီးမီးယားလိဂ်ကို မရောက်ခင် သူကစားခဲ့တဲ့ ကလပ်တွေမှာ စုစုပေါင်း ၃၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ နောက်ခံလူလည်း ဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။