ဘန်ဇီမာကို ဘင်ဖီကာအသင်းဆီ ခေါ်ယူဖို မော်ရင်ဟို ဆန္ဒရှိနေ

ဘန်ဇီမာကို ဘင်ဖီကာအသင်းဆီ ခေါ်ယူဖို့ မော်ရင်ဟို ဆန္ဒရှိနေ

ဘင်ဖီကာအသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကို အင်အားတောင့်တင်းတဲ့အသင်းဖြစ်အောင် တည်ဆောက်ဖို့ ရည်ရွယ်ရာမှာ အတွေ့အကြုံရင့်ကျက်တဲ့ ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ဒါကြောင့် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းမှာ ကစားနေပြီး လာမယ့် ဒီဇင်ဘာမှာ အသက်(၃၈)နှစ်ပြည့်မယ့် ဘန်ဇီမာကို ခေါ်ယူဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘန်ဇီမာဟာ မော်ရင်ဟိုနဲ့ ရီးယဲလ်အသင်းမှာ လက်တွဲခဲ့ဖူးပြီး အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

ဒါပေမဲ့ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ လစာအများဆုံးရနေသူဖြစ်ပြီး တစ်ပတ်ပေါင်(၁.၆)သန်းဝန်းကျင်ရရှိနေသူဖြစ်တာကြောင့် စာချုပ်သက်တမ်းမကုန်ခင် တခြားအသင်းကို ပြောင်းရွှေ့ဖို့ အလားအလာနည်းပါးကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။