လန်းစ်အသင်းဟာ ပြင်သစ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုက်စ်အသင်းကို ၃-၁ ဂိုးနဲ့ နိုင်ပြီး ချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူး
နိုင်ခဲ့ပါတယ်။
လန်းစ်ရဲ့ဂိုးတွေကို နယူးကာဆယ်ကစားသမားဟောင်း သာအူဗင်၊ ခရစ္စတယ်ပဲလေ့စ်ကစားသမားဟောင်း အက်ဒူအာနဲ့ ဆီမာတို့က
သွင်းယူပေးခဲ့ါပတယ်။
လန်းစ်အသင်းရဲ့ ၁၂၄ နှစ်တာသမိုင်းမှာ ယခင်က ၁၉၉၇-၉၈ ရာသီမှာ အမှတ်ပေးချန်ပီယံဆု၊ ၁၉၉၈-၉၉ ရာသီမှာ ပြင်သစ်လိဂ်ဖလားစတဲ့
မေဂျာဖလားနှစ်လုံးသာ ဆွတ်ခူးခဲ့ပါတယ်။
ဒါကြောင့် ၂၇ နှစ်ကြာ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေမှုကိုလည်း အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်။
လန်းစ်အနေနဲ့ ပြင်သစ်ဖလားဗိုလ်လုပွဲကို စတုတ္ထအကြိမ်မြောက် တက်လှမ်းလာခဲ့ပြီး ယခင်သုံးကြိမ်ကတော့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
နိုက်စ်အသင်းဟာ ပြင်သစ်ဖလားချန်ပီယံ ဖြစ်ဖူးခဲ့ပေမဲ့ ၁၉၉၇ ခုနှစ်မှာ နောက်ဆုံးဗိုလ်စွဲခဲ့ပြီးနောက် ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။