ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်း ဆုကြေးပေါင်သန်း(၂၀၀)နီးပါးရရှိ

၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဆုကြေးပေါင်သန်း(၂၀၀)နီးပါး ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းက ဆုကြေးပေါင်(၁၇၄.၉)သန်းသာရရှိခဲ့ပေမဲ့ ဒီရာသီမှာ အာဆင်နယ်အသင်းက ပေါင်(၁၉၈.၇)သန်း ရရှိမှာပါ။

ပရီးမီးယားလိဂ်က ပြည်တွင်း၊ ပြည်ပ ရုပ်သံဝင်ငွေတွေနဲ့ စပွန်ဆာဝင်ငွေတွေအပေါ် မူတည်ပြီး ပြိုင်ပွဲဝင်အသင်းတွေကို ဆုကြေးခွဲဝေပေးခြင်းဖြစ်သလို၊ ချန်ပီယံအသင်းနဲ့ ဒုတိယအသင်းအကြား ကွာခြားမှုနည်းပါးပါတယ်။

ရပ်တည်မှုအဆင့် တစ်ဆင့်ချင်းအလိုက် ဆုကြေးနှုန်းထား မြင့်တက်သွားတာကြောင့် တန်းဆင်းရတဲ့အသင်းနဲ့ ချန်ပီယံအသင်းကတော့ ကွာခြားမှုများပြားပါတယ်။

ဒါကြောင့် ဒီရာသီမှာ အာဆင်နယ်အသင်းက ဆုကြေး ပေါင်(၁၉၈.၇)သန်းရရှိသလို ဒုတိယနေရာက မန်စီးတီးက ပေါင်(၁၉၂.၅)သန်း၊ တတိယနေရာက မန်ယူအသင်းက ပေါင်(၁၉၁.၅)သန်း ရရှိပါတယ်။

အဆင့်(၂၀)နေရာက တန်းဆင်းခဲ့ရတဲ့ ဝုလ်ဗ်အသင်းကတော့ ဆုကြေးပေါင်(၁၁၇.၇)သန်းသာ ရရှိကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။