ပယ်နယ်တီမဝင်ခဲ့တဲ့ စီရော်နယ်လ်ဒို မှတ်တမ်းကောင်းတစ်ခုနဲ့ လွဲချော်

ပယ်နယ်တီမဝင်ခဲ့တဲ့ စီရော်နယ်လ်ဒို မှတ်တမ်းကောင်းတစ်ခုနဲ့ လွဲချော်

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီမဝင်ခဲ့လို့ မှတ်တမ်းကောင်းတစ်ခုနဲ့ လွဲချော်ခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ စီရော်နယ်လ်ဒို ကန်သွင်းတဲ့ ပယ်နယ်တီကို အိုင်ယာလန်ဂိုးသမား ကယ်လယ်ဟာက ကာကွယ်နိုင်ခဲ့တာဖြစ်တယ်။

စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ခဲ့ရတာပါ။

စီရော်နယ်လ်ဒိုဟာ လက်ရှိမှာ ဂွါတီမာလာကစားသမား ကားလို့စ်ရုဇ်နဲ့ ၃၉ ဂိုးစီ တူညီနေတာဖြစ်တယ်။

၎င်းအနေနဲ့ အခုနှစ်အတွင်းမှာ တတိယအကြိမ်မြောက် ပယ်နယ်တီ လွဲချော်ခဲ့ပါတယ်။

ယခင်နှစ်ပွဲကတော့ အိုဇေဘီကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ ဆော်ဒီပရိုလိဂ်ပွဲ၊ ဒိန်းမတ်ကို ၅-၂ ဂိုးနဲ့ အနိုင်ရတဲ့ UEFA Nations League ပွဲတွေပဲ ဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။