ပစ်ဖိုဒ်ကို အဲဗာတန်အသင်း (၄)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုမယ်

အဲဗာတန်အသင်းဟာ အင်္ဂလန်ဂိုးသမား ပစ်ဖိုဒ်ကို (၄)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို နီးစပ်နေပြီလို သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမား ပစ်ဖိုဒ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက အဲဗာတန်အသင်းရဲ့ အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနေခဲ့တာဖြစ်ပြီး သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာပါ။

ပစ်ဖိုဒ်(၃၁ နှစ်)ဟာ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့ အဲဗာတန်အသင်းမှာသာ ဆက်ကစားဖို ဆန္ဒရှိတာကြောင့် သက်တမ်းတိုးဖို ကမ်းလှမ်းမှုကို လက်ခံဖို သေချာသလောက်ရှိနေတယ်လို သိရပါတယ်။

အဲဗာတန်အသင်းက ပစ်ဖိုဒ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးမှာဖြစ်ပြီး လစာနှုန်းထားကိုလည်း တစ်နှစ်ပေါင်(၆)သန်းနှုန်း တိုးမြှင့်ပေးသွားမယ်လို သိရပါတယ်။

အဲဗာတန်အသင်းဟာ ဒီနွေရာသီမှာ ဘုန်းမောက်အသင်းက အိုင်ယာလန်ဂိုးသမား မာ့ခ်ထရာဗာစ်ကိုလည်း ခေါ်ယူအားဖြည့်ထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။