နောက်ခံလူ ဆာလီဘာကို အာဆင်နယ် ငါးနှစ်သက်တမ်းတိုးမယ်

နောက်ခံလူ ဆာလီဘာကို အာဆင်နယ် ငါးနှစ်သက်တမ်းတိုးမယ်

အာဆင်နယ်အသင်းဟာ အသင်းနောက်ခံလူ ဆာလီဘာကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိမယ့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းက တရားဝင်မကြေညာသေးပေမဲ့ ဆာလီဘာဟာ စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဖော်ပြလာကြပါတယ်။

ဆာလီဘာဟာ ပြီးခဲ့တဲ့နွေရာသီက ရီးယဲလ်မက်ဒရစ်နဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

၎င်းဟာ ၂၀၁၉ ခုနှစ်က စိန့်အက်တီယန်အသင်းကနေ ယူရို သန်း ၃၀ နဲ့ အာဆင်နယ်အသင်းကို ရောက်ရှိလာတာပါ။

အစောပိုင်းနှစ်တွေမှာတော့ ပြင်သစ်ကလပ်တွေဖြစ်တဲ့ နိုက်စ်၊ မာဆေးလ်အသင်းတွေထံ အငှားပြန်ကစားခဲ့ရပါတယ်။

၎င်းအနေနဲ့ အာဆင်နယ်အသင်းအတွက် ပွဲ ၁၄၀ ကစားထားပြီး ခုနစ်ဂိုးသွင်းကာ သုံးဂိုး ဖန်တီးပေးခဲ့ပါတယ်။

လက်ရှိဈေးကွက်တန်ဖိုးက ယူရို သန်း ၈၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။