ဆော်ဒီလိဂ်မှာ စီရော်နယ်လ်ဒို ဂိုးပါဝင်ပတ်သက်မှု ဂိုး ၁၀၀ ပြည့်မြောက်

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ Neom SC အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီတစ်ဂိုးသွင်းပြီး ဆော်ဒီလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု) ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။

အယ်လ်နာဆာအသင်း ၁-၀ ဂိုးနဲ့ ဦးဆောင်နေချိန် ၅၆ မိနစ်မှာ Neom SC ကစားသမားတစ်ဦး အထုတ်ခံရပြီး စီရော်နယ်လ်ဒိုကတော့ ၆၅ မိနစ်မှာ ရရှိတဲ့ ပယ်နယ်တီကို အသင်းရဲ့ဒုတိယဂိုးအဖြစ် သွင်းယူခဲ့တာပါ။

စီရော်နယ်လ်ဒိုမှာ ဆော်ဒီလိဂ်မှာ ၈၅ ပွဲကစား ၈၃ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီးမှုနဲ့ ဂိုး ၁၀၀ ပြည့်ခဲ့တာ
ဖြစ်တယ်။

အယ်လ်နာဆာအသင်းသမိုင်းမှာ ဆော်ဒီကစားသမားမဟုတ်ဘဲ ဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၎င်းဟာ ကစားသမားဘဝသွင်းဂိုးပေါင်း ၉၅၃ ဂိုးအထိ ရှိလာခဲ့တာပါ။

ဒါ့အပြင် ပြိုင်ဘက်အသင်း ၂၀၆ သင်းကို ဂိုးသွင်းခဲ့ပြီး ကလပ် ၁၅၈ သင်းနဲ့ နိုင်ငံလက်ရွေးစင်အသင်း ၄၈ သင်း ရှိခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။