စီရော်နယ်လ်ဒိုနဲ့ ဘာပြဿနာမှမရှိခဲ့ကြောင်း မန်ယူနိုက်တက်နည်းပြဟောင်း တန်ဟက်ဂ် ပြောကြား

မန်ယူနိုက်တက်အသင်းနည်းပြဟောင်း တန်ဟက်ဂ်က အသင်းမှာရှိတဲ့ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနဲ့ ဘာပြဿနာမှမရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်ဟာ မန်ယူနိုက်တက်အသင်းကို နှစ်နှစ်ခွဲကြာ တာဝန်ယူခဲ့ပြီး ၂၀၂၄-၂၅ ရာသီ အောက်တိုဘာလက အသင်းရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

စီရော်နယ်လ်ဒိုက ၂၀၂၁ ခုနှစ်မှာ မန်ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ နည်းပြ တန်ဟက်ဂ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး တစ်နှစ်ခွဲခန့်အကြာ နှစ်ဦးသဘောတူညီမှုနဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

”ကျွန်တော့်အဖို့ သူနဲ့ ပြဿနာမရှိပါဘူး။ သူက ဘာပြဿနာမှ မရှိသူပါ။ ဒါက အတိတ်မှာကျန်ခဲ့ပြီလို့ ကျွန်တော် ယူဆပါတယ်။ ဒါတွေ ဖြစ်ပြီးသွားပါပြီ။ အတိတ်ကဖြစ်ရပ်လည်းဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖလားနှစ်လုံး ရခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့နဲ့ ကံကြမ္မာကောင်းတွေရဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်”လို့ တန်ဟက်ဂ်က ပြောခဲ့ပါတယ်။

တန်ဟက်ဂ်ဟာ မန်ယူနိုက်တက်အသင်းမှာ ၂၀၂၃ လိဂ်ဖလားနဲ့ ၂၀၂၄ FA ဖလားများ ရယူပေးခဲ့ပြီး ရာသီတိုင်း ဖလားတစ်လုံးစီ ဆွတ်ခူးစေခဲ့ပါတယ်။

၎င်းအနေနဲ့ လက်ရှိမှာ ရှာဘီအလွန်ဆို ချန်ထားခဲ့တဲ့ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းကို ကိုင်တွယ်နေတာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။