ခြေချင်းဝတ်ဒဏ်ရာ ရထားပေမဲ့ အင်္ဂလန်အသင်းအတွက် ဟာရီကိန်း ကစားပေးမယ်

ခြေချင်းဝတ်ဒဏ်ရာ ရထားပေမဲ့ အင်္ဂလန်အသင်းအတွက် ဟာရီကိန်း ကစားပေးမယ်

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းက ခြေချင်းဝတ်ဒဏ်ရာ ရထားပေမဲ့ လာမယ့် နိုင်ငံတကာပွဲတွေမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ဝင်ရောက်ကစားမယ်လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းက မိနစ် ၈၀ မှာ ဖရန့်ဖတ်ဂိုးသမားနဲ့ ထိခိုက်မိကာ ဒဏ်ရာရခဲ့ပြီး ၈၅ မိနစ်မှာ နီကိုးလက်စ်ဂျက်ဆန်နဲ့ လူစားလဲခဲ့ရပါတယ်။

ဒါ့အပြင် ပွဲအပြီး အဝေးကွင်းလိုက်ပါအားပေမဲ့ အသင်းပရိသတ်ရှေ့ အောင်ပွဲခံရာမှာတော့ ဟာရီကိန်းဟာ ညာခြေထောက်ရေခဲအိတ်ကပ်ထားပေမဲ့ ခုန်ပေါက်အောင်ပွဲခံခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာ ကစားနိုင်မလားမေးခွန်းကို ဟာရီကိန်းက ”မရှိနိုင်လောက်ပါဘူး။ ကျွန်တော် တနင်္လာနေ့ အဲဒီမှာရှိမှာပါ။ ကျွန်တော် အဆင်ပြေပါတယ်။ အရိုးကိုသာထိခဲ့တာပါ။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကလည်း အဲဒီလို ထိခိုက်မိပြီး ပြန်ကောင်းလာခဲ့တယ်။ အခုလည်း ဒီနေရာကိုပဲ ပြန်ထိခိုက်မိတာပါ။ ရက်အနည်းငယ်လောက်ဆိုရင် ပြန်ကောင်းမှာပါ”လို့ ဟာရီကိန်းက ပြောခဲ့
ပါတယ်။

ဖရန့်ဖတ်နဲ့ပွဲမှာ တစ်ဂိုးထပ်သွင်းခဲ့တဲ့ ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါရာသီအဖွင့် ခြောက်ပွဲမှာ ၁၁ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် အခုရာသီ ပြိုင်ပွဲစုံ ၁၀ ပွဲမှာလည်း သွင်းဂိုးအရေအတွက်က ၁၈ ဂိုးအထိ ရှိလာခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။