ခရစ္စတယ်ပဲလေ့စ်အသင်း အယူခံရှုံးနိမ့်တာကြောင့် ကွန်းဖရန့်လိဂ်သာ ယှဉ်ပြိုင်ခွင့်ရရှိ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် အားကစားခုံရုံး(CAS)ထံ အယူခံတင်သွင်းခဲ့ရာမှာ ရှုံးနိမ့်ခဲ့တာကြောင့် ကွန်းဖရန့်လိဂ်သာ ယှဉ်ပြိုင်ခွင့်ရရှိတော့မှာဖြစ်ကြောင်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ FA ဖလား ချန်ပီယံဆုရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပေမဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းနဲ့ ပိုင်ရှင်တူဖြစ်နေလို့ UEFA ရဲ့စည်းမျဉ်းအရ လိုင်ယွန်အသင်းသာ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရပြီး ပဲလေ့စ်အသင်းက ကွန်းဖရန့်လိဂ်ကို ဆင်းသက်ယှဉ်ပြိုင်ခဲ့ရတာပါ။

လိုင်ယွန်နဲ့ ပဲလေ့စ်နှစ်သင်းစလုံးကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်လုပ်ငန်းရှင် ဂျွန်တက်စ်တာက ပြီးခဲ့တဲ့ဇွန်လမှာ ပဲလေ့စ်အသင်းရဲ့ ရှယ်ယာ(၄၃%)ကို ပြန်ရောင်းထုတ်ခဲ့ပေမဲ့ သတ်မှတ်ရက်ထက် နောက်ကျသွားခဲ့တာကြောင့် အယူခံမအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါကြောင့် ပဲလေ့စ်အသင်းအနေနဲ့ ကွန်းဖရန့်လိဂ် Play-off အဆင့်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၇)နေရာရခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းက ယူရိုပါလိဂ် လိဂ်အဆင့်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ပရိသတ်တချို့ကတော့ ပဲလေ့စ်အသင်း ကွန်းဖရန့်လိဂ်မှာ ချန်ပီယံဆုရရှိဖို့ ဆန္ဒပြုကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။