ကိုလံဘီယာဆယ်ကျော်သက်ကစားသမား အိုရော့ဇ်ကိုကို မန်ယူအသင်း အကြိုသဘောတူညီမှုရရှိ

ကိုလံဘီယာဆယ်ကျော်သက်ကစားသမား အိုရော့ဇ်ကိုကို မန်ယူအသင်း အကြိုသဘောတူညီမှုရရှိ

မန်ယူအသင်းဟာ ကိုလံဘီယာကလပ် ဖော်တာလီဇာအသင်းက ဆယ်ကျော်သက် ကွင်းလယ်ခံစစ်ကစားသမား အိုရော့ဇ်ကိုကို အသက်(၁၈)နှစ်ပြည့်ချိန်မှာ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အိုရော့ဇ်ကိုဟာ ပြီးခဲ့တဲ့ဇူလိုင်လကမှ အသက်(၁၇)နှစ်ပြည့်ခဲ့သူဖြစ်ပြီး ကိုလံဘီယာယူ-၁၇ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့သူပါ။

ဒါကြောင့် မန်ယူအသင်းက လာမယ့်နှစ်မှာ ခေါ်ယူမယ့် အကြိုသဘောတူညီချက် ရယူခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ မန်ယူအသင်းရဲ့ ကစားသမားအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အိုရော့ဇ်ကိုဟာ ကိုလံဘီယာရဲ့ တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားတစ်ဦး အဖြစ် စောင့်ကြည့်ခံနေရသူဖြစ်ကြောင်းလည်း သိရပါတယ်။

မန်ယူအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဂျေဆင်ဝီလ်ကော့စ်ဟာ လက်ရှိအချိန်မှာ ပြည်ပက လူငယ်ကစားသမားတွေကို ခေါ်ယူဖို့ ပိုမို စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။