ကစားသမားဘ၀ သွင်းဂိုး ၈၉၅ ဂိုးအထိရှိလာတဲ့ မက်ဆီ

ကစားသမားဘ၀ သွင်းဂိုး ၈၉၅ ဂိုးအထိရှိလာတဲ့ မက်ဆီ

အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ နာမည်ကျော်ကစားသမား လီယွန်နယ်မက်ဆီဟာ အန်ဂိုလာနဲ့ ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီးနောက် ကစားသမားဘ၀ သွင်းဂိုး ၈၉၅ ဂိုးအထိ
ရှိလာခဲ့ပါတယ်။

ဂိုးဖန်တီးမှုကလည်း ၄၀၁ ဂိုး ရှိလာပြီး ဘောလုံးသမိုင်းမှာ ဟန်ဂေရီဂန္ထဝင် ပွတ်ရှ်ကပ်စ်ရဲ့ ၄၀၄ ဂိုးကို လိုက်မီဖို့ သုံးဂိုးသာ လိုပါတော့တယ်။

မက်ဆီဟာ အခုရာသီအတွင်း ကလပ်နဲ့ နိုင်ငံအတွက် ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုးနဲ့ ဖန်တီးမှု) ဂိုး ၇၀ ပြည့်မြောက်ခဲ့ပြီး ၅၃ ပွဲကစား ၄၆ ဂိုးသွင်း၊ ၂၄ ဂိုးဖန်တီးခဲ့ပါတယ်။

အသက် ၃၈ နှစ်ပြည့်ပြီးကတည်းက ၂၆ ပွဲမှာ ၂၉ ဂိုးသွင်းကာ ၁၇ ဂိုး ဖန်တီးခဲ့ပါတယ်။

မက်ဆီအနေနဲ့ အသက် ၃၀ နှစ်ပြည့်ပြီးနောက် အာဂျင်တီးနာအသင်းအတွက် ဂိုးပိုသွင်းနိုင်ခဲ့တာဖြစ်တယ်။

ဒါ့အပြင် မက်ဆီဟာ ဂိုးသွင်းယူနိုင်တဲ့ ပြိုင်ဘက် နိုင်ငံလက်ရွေးစင်အသင်း ၃၉ သင်းအထိ ရှိလာခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။