ကက်စီမီရိုကို ခေါ်ယူဖို အယ်လ်နာဆာအသင်း ပစ်မှတ်ထားနေ

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ မန်ယူအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုကို ခေါ်ယူဖို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ကက်စီမီရို(၃၃ နှစ်)ဟာ ၂၀၂၆ နွေရာသီမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးဖို အလားအလာနည်းပါးနေကြောင်း သိရပါတယ်။

ဒါကြောင့် အယ်လ်နာဆာအသင်းက ခေါ်ယူဖို ပစ်မှတ်ထားနေတာဖြစ်ပြီး ကက်စီမီရိုသာ ဆန္ဒရှိရင် ငွေကြေးများစွာ အသုံးပြုဖို အသင့်ရှိနေကြောင်း သိရပါတယ်။

မန်ယူအသင်းကလည်း ကက်စီမီရိုကို သက်တမ်းတိုးပြီး အသင်းမှာ ဆက်ထားမလား၊ သက်တမ်းကုန်ချိန်မှာ လမ်းခွဲမလားဆိုတာ ဆုံးဖြတ်ရမယ့် အခြေအနေဖြစ်နေကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းကွင်းလယ်ကစားသမား အားဖြည့်နိုင်ခဲ့ခြင်းမရှိတာကြောင့် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။