■ ပရီးမီးယားလိဂ် ပွဲစဉ်-၃၇ ပွဲကြိုသုံးသပ်ချက်

◘ ဘုန်းမောက် – မန်စီးတီး (မေလ ၂၀ ရက် နံနက် ၁းဝ၀ နာရီ)

ပထမအကျော့ရလဒ် ♦️ မန်စီးတီး (၃-၁) ဘုန်းမောက်

မန်စီးတီးအသင်းက FA ဖလားမှာ ထပ်ဗိုလ်စွဲပြီး ပြည်တွင်းဖလားနှစ်လုံး ရထားပါပြီ။ မန်စီးတီးရဲ့အားသာချက်က အရေးပါဆုံးဖြစ်တဲ့

ရာသီအဆုံးသတ်ပိုင်းရောက်လာချိန်မှာ ဖိအားတွေကို တည်ငြိမ်စွာ တုံ့ပြန်နိုင်တာပါပဲ။ ခံစစ်ပိုင်းကလည်း FA ဖလား ဗိုလ်လုပွဲအပါအဝင်

နောက်ဆုံးသုံးပွဲဆက် Clean Sheet ရထားတယ်။ ပွဲစဉ်တွေ ဆက်တိုက်ကစားရလို့ ပွဲပန်းနေနိုင်ပေမဲ့ ချန်ပီယံဆုအတွက်

နောက်ဆုံးပွဲအထိ အာဆင်နယ်ကို ဖိအားပေးထားနိုင်ဖို့ ဒီပွဲကိုလည်း အနိုင်ကစားဖို့ လိုပါတယ်။ ဘုန်းမောက်ကလည်း ပုံစံကောင်းရနေတဲ့

အသင်းဖြစ်ပြီး ဇန်နဝါရီကတည်းက ပရီးမီးယားလိဂ်မှာ ရှုးပွဲမရှိတာ ၁၅ ပွဲဆက်တိုက်ရှိပါပြီ။ ဘုန်းမောက်အသင်းသာ

လက်ကျန်နှစ်ပွဲစလုံး အနိုင်ရပြီး ရာသီပိတ်ပွဲစဉ်မှာ လီဗာပူးလ်အသင်း ထပ်ပြီးခြေချော်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်တောင် ရနိုင်တဲ့

အခြေအနေရှိပါတယ်။ ဒါ့အပြင် ဘုန်းမောက်က အိမ်ကွင်းဆိုရင် အမှတ်ရအောင် ကစားတတ်လို့ မန်စီးတီးအတွက် လွယ်ကူမယ့်

ပွဲမဟုတ်ပါဘူး။ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်ပြီး မန်စီးတီး အနိုင်ရရင်လည်း ဂိုးမပြတ်ပါဘူး။

◘ ချယ်လ်ဆီး – စပါး (မေလ ၂၀ ရက် နံနက် ၁း၄၅ နာရီ)

ပထမအကျော့ရလဒ် ♦️ စပါး (ဝ-၁) ချယ်လ်ဆီး

ဝက်စ်ဟမ်းအသင်းရဲ့ ရှုံးပွဲကြောင့် စပါးအသင်း ပရီးမီးယားလိဂ်မှာ ကျန်နေခဲ့ဖို့ အခြေအနေကောင်းသွားပါပြီ။ စပါးအသင်းက

လက်ကျန်နှစ်ပွဲမှာ တစ်မှတ်ရရင်တောင် ဂိုးကွာခြားချက်အရ တန်းမဆင်းရဖို့ ရာနှုန်းပြည့်နီးပါး သေချာပါတယ်။ ဒီဇယ်ဘီကို ခန့်အပ်ပြီး

အပြောင်းအလဲလုပ်ခဲ့တဲ့ စပါးအသင်းရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး နောက်ဆုံးလေးပွဲမှာ ရှစ်မှတ်ရယူနိုင်ခဲ့တာက

အဓိကကျပါတယ်။ ချယ်လ်ဆီးအသင်းကလည်း FA ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ပြီး ရုန်းကန်နေရတုန်းပဲ။

ယာယီနည်းပြ မက်ဖာလိန်းလက်ထက်မှာ ချယ်လ်ဆီးအသင်း FA ဖလားပွဲစဉ်တစ်ပွဲပဲ အနိုင်ရထားပြီး တိုးတက်မှုလည်း မရှိလာဘူး။

အသင်းလိုက်စုစည်းမှု ပြိုလဲနေပြီး တိုက်စစ်ပိုင်းက လေးပွဲမှာ သုံးဂိုးပဲ သွင်းယူထားနိုင်တယ်။ ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိပေမဲ့

အမှတ်ထပ်လျော့လိုမရသလို ဇယားအထက်က အသင်းတွေ ခြေချော်မှာကိုလည်း စောင့်ရဦးမှာပါ။ သရေကျဖိုများတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။