ဥရောပဝင်ခွင့် ရရှိရေးကို မန်ယူအသင်း အာရုံစိုက်သင့်တယ်လို မေဆန်မောင့် ဆို

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား မေဆန်မောင့်က အသင်းအနေနဲ့ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ရရှိရေးကို အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာသာ ရရှိခဲ့တာကြောင့် ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

ဒါကြောင့် အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန့်မောင်က ဥရောပဝင်ခွင့်ပြန်လည်ရရှိရေးကို ရည်မှန်းချက်ထားသင့်တယ်လို့ ပြောကြားခဲ့တာပါ။

” ဥရောပဝင်ခွင့်ဆိုတာ ထူးကဲပါတယ်။ ကျွန်တော်တို့အတွက် ထူးကဲတဲ့အရာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်က ကျွန်တော်တို့အတွက် အံ့အားသင့်စရာကောင်းပြီး အဲဒီပြိုင်ပွဲကို ကျွန်တော်တို့ ယှဉ်ပြိုင်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့တာ ဥရောပဝင်ခွင့်ပါ။ ကျွန်တော်တို့ ဒါကို အာရုံစိုက်သင့်တယ်လို့ ထင်ပါတယ်” လို့ မေဆန်မောင့်က ပြောကြားခဲ့ပါတယ်။

မေဆန်မောင့်(၂၆ နှစ်)ဟာ ၂၀၂၃ နွေရာသီမှာ ချယ်လ်ဆီးကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းမှာ ပုံမှန်နေရာ ရယူနိုင်ခြင်းမရှိတဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရသူပါ။

ဒါပေမဲ့ မေဆန်မောင့်က သူ့အနေနဲ့ အသင်းမှာ နေရာတစ်နေရာ ရယူနိုင်ဖို့ ယုံကြည်မှုရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

”ဒါဟာ ပြိုင်ပွဲပါပဲ။ မန်ယူလိုအသင်းကို ရောက်နေတဲ့အချိန်မှာ ဒီလိုပြိုင်ပွဲတွေ ဆင်နွှဲရမှာပါပဲ။ ကျွန်တော်ကတော့ အမြဲတမ်း ကိုယ့်ကိုယ့်ကို ယုံကြည်မှုရှိပါတယ်။ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာ ကျွန်တော် သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။