အာဆင်နယ်နဲ့ပွဲမှာ ဘယ်အသင်း ပိုကောင်းသလဲဆိုတာ မြင်တွေ့ရမယ်လို ချာကာ ပြောကြား

ဆန်းဒါးလန်းအသင်းခေါင်းဆောင် ချာကာက အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဥ်မှာ ဘယ်အသင်းပိုကောင်းသလဲဆိုတာ မြင်တွေ့ရမယ်လို ပြောကြားခဲ့ပါတယ်။

ဆွစ်ဇာလန်ကွင်းလယ်ခံစစ်ကစားသမား ချာကာဟာ အာဆင်နယ်အသင်းမှာ ပွဲအများဆုံးကစားခဲ့ဖူးပြီး အခု အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်လို အခုလို ပြောကြားခဲ့တာပါ။

ဆန်းဒါးလန်းအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်နေပြီး အခုတစ်ပတ် စနေညမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ အိမ်ကွင်းပွဲ ယှဥ်ပြိုင်ရမှာပါ။

ချာကာက ဆန်းဒါးလန်းအသင်း အမှတ်ပေးဇယားထိပ်ပိုင်းရောက်နေတာကို မအံ့သြကြောင်းနဲ့ မိမိတိုနဲ့ ထိုက်တန်တဲ့နေရာကို ရရှိထားခြင်းဖြစ်တယ်လိုလည်း ဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲအတွက်တော့ “အဲဒီပွဲက ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲ ဖြစ်လာမှာပါ။ ကျွန်တော် အဲဒီမှာ အံအားသင့်စရာကောင်းတဲ့ ၇ နှစ်တာကာလကို ဖြတ်သန်းခဲ့ရပါတယ်။ သူတိုနဲ့လည်း အဆက်အသွယ်ရှိနေတုန်းပါပဲ။ ဒီပွဲမှာ ပျော်ရွှင်ရဖို မျှော်လင့်ပြီး ဘယ်အသင်း ပိုကောင်းသလဲဆိုတာ မြင်တွေ့ရမှာပါ” လို ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။