အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ဝေဖန်မှုကို အာမိုရင်မ် ထောက်ခံ

မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က အသင်းအပေါ် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ဝေဖန်မှုကို ထောက်ခံခဲ့ပါတယ်။

အဲဗာတန်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပေါ် ဖာနန်ဒက်စ်က အသင်းကစားပုံဟာ ပျင်းရိစရာကောင်းတယ်လို့ ဝေဖန်ခဲ့တာဖြစ်တယ်။

”ကစားသမားတွေ ဒီလိုခံစားချက်ရှိတာကို ကျွန်တော့်အနေနဲ့ ကျေနပ်နေမယ်လို့ ထင်ပါတယ်။ ဒါက ဒီအခြေအနေကို သူတို့နားလည်တယ်လို့ ပြောတာပါပဲ။ ဒါကြောင့် ဒီအရာဟာ ကောင်းတဲ့ခံစားချက်ပါ။ ခရီးစဉ်ရဲ့အရှိန်အဟုန်က
ကောင်းမွန်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ ခံစားချက်တွေနဲ့ ကျွန်တော်တို့ ရက်အနည်းငယ် အလုပ်လုပ်ခဲ့ကြတယ်။ ပြီးရင်တော့ ကာရင်တန်ကို ပြန်မှာဖြစ်ပြီး ရာသီသစ်ကလည်း နီးနေပါပြီ။ ကျွန်တော်တို့
ပိုကောင်းဖို့ အလုပ်များစွာလုပ်ဖို့လိုတယ်ဆိုတဲ့ ခံစားချက်နဲ့ သွားမှာဖြစ်ပါတယ်”လို့ အာမိုရင်မ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်က မန်ယူနိုက်တက်အနေနဲ့ ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးလောက် ထပ်ခေါ်မယ်လို့ မျှော်လင့်နေပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အသင်းတိုက်စစ်ပိုင်းအားဖြည့်ဖို့ ကူညာ၊ အမ်ဘူမိုတို့ နှစ်ဦးတည်းအတွက် ပေါင် ၁၃၃ သန်း အသုံးပြုထားပါတယ်။

ဒါ့အပြင် လိုက်ပ်ဇစ်အသင်းက ဆလိုဗေးနီးယားတိုက်စစ်မှူး ရှက်ရှကိုအားလည်း ထပ်မံကြိုးပမ်းနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။