အနာဂတ်အတွက် ဆုံးဖြတ်ချိန် နီးစပ်လာပြီလို့ အီရာအိုလာ ဝန်ခံ

ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာက သူ့အနာဂတ်အတွက် ဆုံးဖြတ်ချိန် နီးစပ်လာပြီလို့ ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့စာချုပ်ကိစ္စကို အမြန်ဆုံးဖြေရှင်းလိုတယ်လို့လည်း ပြောခဲ့ပါတယ်။

အီရာအိုလာ(၄၃ နှစ်)ရဲ့လက်ရှိစာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

၎င်းဟာ ၂၀၂၃ ခုနှစ် ဇွန်လမှာ ဘုန်းမောက်အသင်းကို ရောက်လာပြီး ပထမဆုံးနှစ်ရာသီမှာ ပရီးမီးယားလိဂ်စံချိန်တင်အမှတ်တွေ

ရရှိစေခဲ့ပါတယ်။

ကနဦး နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းမှာ အခုရာသီကုန်အထိ အသင်းမှာရှိနေမယ့် ၁၂ လ သက်တမ်းတိုးခဲ့ပါတယ်။

အီရာအိုလာဟာ စပါး၊ ခရစ္စတယ်ပဲလေ့စ်၊ မန်ယူနိုက်တက်အသင်းတွေနဲ့ သတင်းထွက်ထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။