ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ

ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေ

မန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

ဂျော်အိုဂိုးမက်စ်(၂၄ နှစ်)ဟာ ၂၀၂၃ ဇန်နဝါရီမှာ ဖလာမင်ဂိုကနေ ဝုလ်ဗ်အသင်းကို ယူရို(၁၈.၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၃၀ အထိ ဖြစ်တဲ့အပြင် တစ်နှစ်သက်တမ်းထပ်တိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ပါတယ်။

ဂျော်အိုဂိုးမက်စ်က ဝုလ်ဗ်အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေခြင်းဖြစ်ပြီး အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ စတင်နေပြီလို့လည်း သတင်းထွက်နေပါတယ်။

ဂျော်အိုဂိုးမက်စ်က လီဗာပူးလ်အသင်းဟာ သူ့ရဲ့ အိပ်မက်အသင်းဖြစ်ကြောင်း ဝန်ခံခဲ့ဖူးပေမဲ့ မန်ယူအသင်းမှာ ပြောင်းရွှေ့ကစားဖို့လည်း ဆန္ဒရှိနေကြောင်း သိရပါတယ်။

ဝုလ်ဗ်အသင်းက ဇန်နဝါရီစျေးကွက်မှာ အမာခံကစားသမားတွေကို ရောင်းထုတ်လိုခြင်းမရှိပေမဲ့ ဂျော်အိုဂိုုးမက်စ်ကိုတော့ ယူရိုသန်း(၅၀)နဲ့ ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။