လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေတယ်လို့ ဟာလန်း ကြုံးဝါး

လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေတယ်လို့ ဟာလန်း ကြုံးဝါး

မန်စီးတီးအသင်းရဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းက လက်ရှိအချိန်မှာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးပုံစံ ရရှိနေတယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် (၉)ပွဲမှာ (၁၂)ဂိုး သွင်းယူထားသလို၊ နော်ဝေအသင်းအတွက် (၂)ပွဲမှာ (၆)ဂိုး သွင်းယူထားတာကြောင့် ပြိုင်ပွဲစုံ(၁၁)ပွဲမှာ (၁၈)ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

ဟာလန်းအနေနဲ့ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာသာ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး ကျန်ပွဲအားလုံးမှာ ဂိုးသွင်းနိုင်ခဲ့တာပါ။

ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်း နှစ်မျိုးပေါင်းအတွက် (၉)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းက ဟာလန်းရဲ့ ကစားသမားဘဝမှာ ပွဲဆက်အများဆုံးဂိုးသွင်းမှတ်တမ်းဖြစ်နေကြောင်းလည်း သိရပါတယ်။

”အခု လုပ်နိုင်တာထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပါဘူး။ ပထမဆုံးအချက်က ပွဲကစားဖို့ အသင့်ဖြစ်နေအောင် ပြင်ဆင်နိုင်မှုကြောင့်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ အသင့်ဖြစ်နိုင်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ အရိုးသားဆုံးပြောရင် ကလေးတစ်ယောက် ရှိလာတာကလည်း ကျွန်တော့်ကို ပိုကောင်းစေပါတယ်။ ကျွန်တော် ဘောလုံးအကြောင်း အချိန်တိုင်းမတွေးဖြစ်တော့ပါဘူး” လို့ ဟာလန်းက သုံးသပ်ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။