ရီးယဲလ်တိုက်စစ်မှူး အန်းဒရစ်ကို ခေါ်ယူဖို ကလပ်အသင်းများစွာ စိတ်ဝင်စားနေ

ရီးယဲလ်အသင်းက ဘရာဇီးလ်ဆယ်ကျော်သက်တိုက်စစ်မှူး အန်းဒရစ်ကို ခေါ်ယူဖို ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အန်းဒရစ်(၁၉ နှစ်)ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် တစ်ပွဲမှ ကစားရခြင်းမရှိသေးတာကြောင့် လာမယ့်ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို ချိန်ရွယ်နေကြခြင်းဖြစ်ကြောင်း သိရပါတယ်။

ရီးယဲလ်အသင်းဟာ အန်းဒရစ်ကို ၂၀၂၄ နွေရာသီမှာ ယူရိုသန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ နေရာပေးအသုံးပြုခဲ့ပေမဲ့ နည်းပြသစ် အလွန်ဆိုလက်ထက်မှာတော့ အန်းဒရစ်အနေနဲ့ အရန်ခုံသာ ထိုင်နေခဲ့ရတာပါ။

ဒါကြောင့် ရီးယဲလ်အသင်းက ဇန်နဝါရီစျေးကွက်မှာ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပြီး သင့်လျော်တဲ့အသင်းဆီ အငှားချဖွယ်ရှိကြောင်းလည်း သိရပါတယ်။

အန်းဒရစ်ကတော့ ရီးယဲလ်အသင်းမှာပဲ နေရာလုတိုက်ပွဲ ဆင်နွှသွားဖို ဆန္ဒရှိနေပြီး ကြံ့ခိုင်မှုပြည့်ဝဖို ကြိုးစားနေကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။