ရိုဒရီဂိုကို အငှားနဲ့ ခေါ်ယူဖို အာဆင်နယ်အသင်း ဆန္ဒရှိနေ

အာဆင်နယ်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းက ဘရာဇီးလ်တောင်ပံ ကစားသမား ရိုဒရီဂိုကို အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

ရိုဒရီဂို(၂၄ နှစ်)ဟာ နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက် ရီးယဲလ်အသင်းက ထွက်ခွာတော့မယ်လို့ ထင်ကြေးပေးခံနေရသူဖြစ်ပြီး အိုဆာဆူနာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရတာကြောင့် ပိုပြီးလူပြောများလာခဲ့ပါတယ်။

ရိုဒရီဂိုကို ချန်လှပ်ခဲ့ခြင်းအတွက် မေးမြန်းမှုကိုတော့ နည်းပြ ရှာဘီအလွန်ဆိုက ”ဘာမှမဖြစ်ပါဘူး။ ကျွန်တော် ရိုဒရီဂိုကို အားကိုးပါတယ်။ ဒါဟာ ပွဲတစ်ပွဲပါပဲ။ ကျွန်တော့်ဆုံးဖြတ်ချက်သက်သက်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ရိုဒရီဂိုအနေနဲ့ အသင်းမပြောင်းရွှေ့ခဲ့ရင် နည်းပြ အလွန်ဆိုရဲ့ လက်အောက်မှာ ပွဲကစားခွင့်တွေ လျော့ကျဖွယ်ရှိကြောင်း မှန်းဆချက်တွေကတော့ ပိုပြီးမြင့်တက်လာခဲ့ပါတယ်။

ဘယ်တောင်ပံကို အားဖြည့်ချင်နေတဲ့ အာဆင်နယ်အသင်းက ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ရီးယဲလ်အသင်းက ပြောင်းရွှေ့ကြေးယူရို(၁၀၀) အလိုရှိနေတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။