ယမားလ်အတွက် ယူရိုသန်း(၄၀၀)နဲ့ကမ်းလှမ်းမှု ရရှိထားတယ်ဆိုတဲ့သတင်းကို ဘာစီလိုနာ ငြင်းဆန်

ဘာစီလိုနာအသင်းဟာ ကြယ်ပွင့်ကစားသမား ယမားလ်အတွက် ယူရိုသန်း(၄၀၀)နဲ့ ကမ်းလှမ်းမှု ရရှိထားတယ်ဆိုတဲ့သတင်းကို ငြင်းဆန်ခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။

အသက်(၁၈)နှစ်သာရှိသေးပေမဲ့ ဘာစီလိုနာအသင်းအတွက်ရော စပိန်လက်ရွေးစင်အသင်းအတွက်ပါ အားအထားရဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေတဲ့ ယမားလ်ကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက လာမယ့်ဇန်နဝါရီမှာ ခေါ်ယူဖို ယူရိုသန်း(၄၀၀)နဲ့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းထွက်ခဲ့တာပါ။

ယမားလ်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ဆုကြေးတွေကိုပါ ထည့်တွက်ရင် တစ်နှစ်ကို ယူရိုသန်း(၄၀)ဝန်းကျင်အထိ ရရှိနေပေမဲ့ လက်ရှိအချိန်မှာ နည်းပြနဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေ ရှိနေတာကြောင့် အသင်းပြောင်းရွှေ့နိုင်ကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက ကမ်းလှမ်းမှုရရှိထားခြင်းမရှိသလို၊ ယမားလ်ကို လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း ပြောကြားခဲ့တယ်လို Marca က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ယမားလ်ကို Not for Sale လို တံဆိပ်ကပ်ထားပေမဲ့ PSG နဲ့ မန်စီးတီးတိုကတော့ အခြေအနေကို စောင့်ကြည့်နေကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။