မန်ယူနိုက်တက်တိုက်စစ်မှူး ဟွိင်လန်းကို နာပိုလီ ခေါ်ယူဖို ကြိုးပမ်းနေ

စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ မန်ယူနိုက်တက်အသင်းက ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူး ဟွိုင်လန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီဖြစ်ပါတယ်။

ဟွိုင်လန်းအနေနဲ့ နာပိုလီအသင်းမှာ ကနဦးအငှားနဲ့ သွားရောက်ကစားမှာပါ။

အငှားစာချုပ်ပြည့်ရင် ပေါင် ၃၉ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက် ပါဝင်ပါတယ်။

ဒါပေမဲ့ ပွဲကစားခွင့်၊ သွင်းဂိုးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် မူတည်ပြီး အပြီးသတ်ပြောင်းရွှေ့မှာပါ။

၂၂ နှစ်သာရှိသေးတဲ့ ဟွိုင်လန်းဟာ မန်ယူနိုက်တက်အသင်းမှာ နှစ်ရာသီသာ ကစားခဲ့ပြီး ၉၅ ပွဲကစား ၂၆ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့နှစ်နှစ်က ဟွိုင်လန်းကို ခေါ်ယူခဲ့ချိန် ပေါင် ၇၂ သန်း ကုန်ကျခဲ့ပါတယ်။

ဒါကြောင့် မန်ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီ ရောင်းချဖြစ်ခဲ့ရင်တောင် ပေါင် ၃၃ သန်းလောက် အရှုံးပြနိုင်ပါတယ်။

နာပိုလီအသင်းအနေနဲ့ အဓိကတိုက်စစ်မှူး လူကာကူ ပေါင်ဒဏ်ရာကြောင့် လေးလလောက် နားရဖို့ရှိလို့ No.9 Role တစ်ဦး ရှာဖွေနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။