မက်ဆီရဲ့ ကြွက်သားဒဏ်ရာက အသေးစားသာဖြစ်တယ်လို အင်တာမိုင်ယာမီ အတည်ပြု

အင်တာမိုင်ယာမီအသင်းက အသင်းခေါင်းဆောင် မက်ဆီရဲ့ ကြွက်သားဒဏ်ရာဟာ အသေးစားသာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

မက်ဆီဟာ စနေနေ့က Necaxa အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ Leagues Cup ပွဲစဉ်မှာ ညာဘက်ခြေထောက် ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စိုးရိမ်စရာမရှိတဲ့ အသေးစားဒဏ်ရာသာဖြစ်ကြောင်း အင်တာမိုင်ယာမီအသင်းက ထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့ ပြန်ကစားနိုင်မယ့်ရက်ကိုတော့ မသိရှိရသေးကြောင်းနဲ့ သက်သာပျောက်ကင်းမှု အနှေးအမြန်အပေါ် မူတည်တယ်လို့ ဆိုပါတယ်။

မက်ဆီဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲချိန်များစွာ ကစားခဲ့ရပြီး ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၄)ပွဲစလုံး ပွဲချိန်ပြည့်ကစားခဲ့ရပါတယ်။

ဒါကြောင့် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရနိုင်ခြေပိုများကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အခုရရှိတဲ့ဒဏ်ရာဟာ နောက်ဆုံး(၂)နှစ်အတွင်း (၇)ကြိမ်မြောက်ရရှိတဲ့ဒဏ်ရာဖြစ်ကြောင်းလည်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။