ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

ဘွန်ဒစ်လီဂါပြိုင်ပွဲ တန်းတက်တန်းဆင်း Play-offs ပွဲစဉ်မှာ ဝုလ်ဖ်ဘတ်အသင်း အရေးနိမ့်ပြီး ဘွန်ဒစ်လီဂါ-၂ ကို တန်းဆင်းခဲ့ရပါတယ်။

ဝုလ်ဖ်ဘတ်အသင်း ဒုတိယအကျော့ အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အရေးနိမ့်ပြီး နှစ်ကျော့ပေါင်း ၁-၂ ဂိုးနဲ့ ဘွန်ဒစ်လီဂါကို နှုတ်ဆက်ခဲ့ရတာဖြစ်တယ်။

ဝုလ်ဖ်ဘတ်အသင်းမှာ အဲရစ်ဆင်၊ အာနိုးလ်စတဲ့ ထင်ရှားသောကစားသမားတွေရှိပေမဲ့ ဘွန်ဒစ်လီဂါမှာ တင်ကျန်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဝုလ်ဖ်ဘတ်အနေနဲ့ ၁၉၉၇ ခုနှစ်မှာ ဘွန်ဒစ်လီဂါကို တန်းတက်လာပြီးနောက် ဆယ်စုနှစ် သုံးခုနီးပါးကြာမှ တန်းပြန်ဆင်းရခဲ့ပါတယ်။

ဘွန်ဒစ်လီဂါ တန်းတက်တန်းဆင်း Play-offs တွေဟာ ဘွန်ဒစ်လီဂါအသင်းတွေ ခြောက်နှစ်ဆက် အောင်ပွဲခံထားမှု အဆုံးသတ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ခဲ့တဲ့ ဝုလ်ဖ်ဘတ်အသင်းလည်း ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေမှာ နှစ်နှစ်ဆက် Play-offs အဆင့်ကို ကျော်ဖြတ်ခဲ့ပေမဲ့ အခုတော့ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။