ဘာစီလိုနာအသင်း စောင့်ကြည့်နေတဲ့ ယူ-၂၀ ကစားသမားတွေထဲမှာ ဇီဒန်းရဲ့သား အယ်လ်ယက်ဇ်ဇီဒန်း ပါဝင်

ဘာစီလိုနာအသင်းဟာ ချီလီနိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကင်းထောက်တွေစေလွှတ်ပြီး ကစားသမားတချိုကို စောင့်ကြည့်ခိုင်းထားရာမှာ ဇီဒန်းရဲ့သား အယ်လ်ယက်ဇ်ဇီဒန်းလည်း ပါဝင်နေကြောင်း သိရပါတယ်။

နောက်ခံလူ အယ်လ်ယက်ဇ်ဇီဒန်း(၁၉ နှစ်)ဟာ ဇီဒန်းရဲ့ သား(၄)ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး ပြင်သစ်ယူ-၂၀ အသင်းနဲ့အတူ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေတာပါ။

အယ်လ်ယက်ဇ်ဟာ ရီးယဲလ်အကယ်ဒမီမှာ (၁၁)နှစ်ကြာဖြတ်သန်းခဲ့ပေမဲ့ ၂၀၂၄ ဇန်နဝါရီမှာ ဘက်တစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘက်တစ်အရန်အသင်းမှာ ကစားနေပါတယ်။

ဘာစီလိုနာအသင်းက လာမာစီယာအကယ်ဒမီအတွက် သွေးသစ်ကစားသမားရှာဖွေဖို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကင်းထောက်တွေ စေလွှတ်ထားတာဖြစ်ပြီး ဘရာဇီးလ်ကစားသမားတွေဖြစ်တဲ့ ပတ်ဒရင်ညိုနဲ့ ဒီဗစ်ဝါရှင်တန်၊ အာဂျင်တီးနားကစားသမား ပရက်စတီယန်နီ၊ ဂျပန်ကစားသမား အိုဇီကီတိုကိုလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။

၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲက အောက်တိုဘာ(၁၉)မှ ပြီးဆုံးမှာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။