ဘန်ဇီမာကို ခေါ်ယူဖို ဖီနာဘာချီအသင်း ပစ်မှတ်ထားနေ

တူရကီကလပ် ဖီနာဘာချီအသင်းဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူဖို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

လိုင်ယွန်နဲ့ ရီးယဲလ်မက်ဒရစ်ကစားသမားဟောင်း ဘန်ဇီမာဟာ အသက်(၃၇)နှစ်ရှိပြီဖြစ်ပေမဲ့ ခြေစွမ်းပြနေဆဲဖြစ်ပြီး အယ်လ်အစ်တီဟတ်နဲ့ စာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာပါ။

ဘန်ဇီမာကလည်း ဥရောပမှာ ပြန်ကစားဖို ဆန္ဒရှိနေတာကြောင့် ဖီနာဘာချီအသင်းက ခေါ်ယူဖို ပစ်မှတ်ထားလာခြင်းဖြစ်ပြီး နည်းပြ တယ်ဒက်စကိုကတော့ လာမယ့်ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူပေးဖို တောင်းဆိုထားကြောင်း သိရပါတယ်။

ဘင်ဖီကာနည်းပြ မော်ရင်ဟိုကလည်း ဘန်ဇီမာနဲ့ ပြန်လည်လက်တွဲဖို လိုလားနေကြောင်း သိရပါတယ်။

ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ တစ်နှစ်ပေါင်သန်း(၈၀)ကျော် ရရှိနေကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။