ဘင်ဖီကာထက် ဆွဲဆောင်နိုင်တဲ့အသင်း မရှိဘူးလို မော်ရင်ဟို ပြောကြား

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ မော်ရင်ဟိုက သူ နည်းပြအဖြစ် ဆောင်ရွက်ဖို အခွင့်အရေးရခဲ့တဲ့အသင်းတွေထဲမှာ ဘင်ဖီကာထက် ဆွဲဆောင်နိုင်တဲ့အသင်း မရှိဘူးလို ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီနည်းပြ မော်ရင်ဟိုဟာ နည်းပြဘဝကို အစပြုချိန်မှာ ဘင်ဖီကာအသင်းကို အချိန်တိုအဖြစ် ကိုင်တွယ်ခဲ့ဖူးပြီး အခု (၂၅)နှစ်ကြာမှ အသင်းဟောင်းနဲ့ ပြန်လည်လက်တွဲခဲ့ခြင်းဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ၂၀၀၄ ခုနှစ်မှာ ပေါ်တိုအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီအချိန်ကတည်းက ပေါ်တူဂီမြေနဲ့ ဝေးကွာနေခဲ့တာကြောင့် (၂၁)နှစ်ကြာမှ ပေါ်တူဂီကလပ်တစ်သင်းကို ပြန်လည်ကိုင်တွယ်ခွင့်ရခြင်းလည်း ဖြစ်ပါတယ်။

ဘင်ဖီကာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ မော်ရင်ဟိုက ”(၂၅)နှစ်အတွင်းမှာ ကျွန်တော် ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။ ဘင်ဖီကာနည်းပြ ဖြစ်လာဖိုထက် ပိုပြီးဆွဲဆောင်နိုင်တဲ့အသင်း မရှိခဲ့ဘူးလို ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော် ကတိပေးနိုင်တာကတော့ ဘင်ဖီကာအသင်းအတွက်၊ ကျွန်တော့်ရဲ့ တာဝန်အတွက် ရှင်သန်သွားမယ်ဆိုတာပါပဲ။ ဒါဟာ ကျွန်တော့်အတွက် အံ့သြတုန်လှုပ်စရာကောင်းတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်” လို ပြောကြားခဲ့ပါတယ်။

ဘင်ဖီကာအသင်းဟာ ဒီရာသီချန်ပီယံလိဂ်မှာ ချယ်လ်ဆီး၊ ရီးယဲလ်တိုနဲ့ ဆုံတွေ့နေတာကြောင့် မော်ရင်ဟိုအနေနဲ့ အသင်းဟောင်းတွေနဲ့ ပြန်လည်ရင်ဆိုင်ရဖို ရှိနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။