ပြိုင်ဘက်အသင်းတွေရဲ့လေ့ကျင့်မှုကို သူလျှိုပြုလုပ်ခဲ့မှုကြောင့် ဆောက်သမ်တန်အသင်း Play-offs ဗိုလ်လုပွဲက ထုတ်ပယ်ခံရ

ဆောက်သမ်တန်အသင်းဟာ ပြိုင်ဘက်အသင်းတွေရဲ့ လေ့ကျင့်မှုကို သူလျှိုပြုလုပ်ခဲ့မှုကြောင့် Play-offs ဗိုလ်လုပွဲက ထုတ်ပယ်ခံခဲ့ရပြီး လာမယ့်ရာသီ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း (၄)မှတ်လျှော့ပြစ်ဒဏ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ကြောင်း သိရပါတယ်။

ဆောက်သမ်တန်အသင်းဟာ ၂၀၂၅-၂၆ ရာသီ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့်(၄)နေရာရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် Play-offs ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်မှာ မစ်ဒယ်ဘရော့အသင်းကို နှစ်ကျော့ပေါင်း(၂-၁)ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ကာ Play-offs ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။

Play-offs ဗိုလ်လုပွဲမှာ ဟားလ်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရဖို့ အလားအလာကောင်းခဲ့ပေမဲ့ သူလျှိုအမှု ပေါ်ပေါက်လာခဲ့တာပါ။

မစ်ဒယ်ဘရော့အသင်းက သူတို့ရဲ့ လေ့ကျင့်မှုကို သူလျှိုလုပ်ခဲ့ကြောင်း တိုင်ကြားခဲ့တာကြောင့် အင်္ဂလိပ်ဘောလုံးလိဂ်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ ဆောက်သမ်တန်အသင်းက အောက်စ်ဖို့ဒ်နဲ့ပွဲ၊ အစ်ဝစ်ချ်နဲ့ပွဲတွေမှာပါ သူလျှိုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့တာကြောင့် အခုလို အရေးယူအပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် လိဂ်ချန်ပီယံရှစ် Play-offs ဗိုလ်လုပွဲမှာ ဆောက်သမ်တန်နေရာ မစ်ဒယ်ဘရော့အသင်း အစားထိုးယှဉ်ပြိုင်ရမှာဖြစ်ပြီး ဝင်ဘလေကွင်းမှာ ဟားလ်စီးတီးအသင်းနဲ့ မေ(၂၃) ရက်နေ့ ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

ဆောက်သမ်တန်အသင်းက အယူခံဝင်ထားပြီး အဲဒီအယူခံအတွက် ဒီနေ့ ဆုံးဖြတ်ချက်ချမှတ်မယ်လို့လည်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။