နည်းပြ ဂရေဟမ်ပေါ်တာကို ဝက်စ်ဟမ်း ရာထူးက ထုတ်ပယ်ခဲ့ပြီး နူနိုဆန်တိုနဲ့ အစားထိုးဖွယ်ရှိ

နည်းပြ ဂရေဟမ်ပေါ်တာကို ဝက်စ်ဟမ်း ရာထူးက ထုတ်ပယ်ခဲ့ပြီး နူနိုဆန်တိုနဲ့ အစားထိုးဖွယ်ရှိ

ဝက်စ်ဟမ်းအသင်းဟာ နည်းပြ ဂရေဟမ်ပေါ်တာကို ရာထူးက ထုတ်ပယ်ခဲ့ပြီး နူနိုဆန်တိုနဲ့ အစားထိုးဖို့ နီးစပ်နေပါတယ်။

ပေါ်တာ (၅၀ နှစ်)အနေနဲ့ ဝက်စ်ဟမ်းအသင်းကို ရှစ်လသာ ကိုင်တွယ်ပြီး ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။

ဝက်စ်ဟမ်းအသင်းဟာ အခုရာသီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၉ နေရာ ရောက်နေပြီး ငါးပွဲကစား သုံးမှတ်သာ ရရှိထားပါတယ်။

ဝက်စ်ဟမ်းအသင်းအဖို့ နူနိုဆန်တိုကို တနင်္လာနေ့ ကစားမယ့် အဲဗာတန်နဲ့ပွဲအမီ ခန့်အပ်ဖို့ ရှိနေပါတယ်။

နူနိုဆန်တို (၅၁ နှစ်)နဲ့ ဝက်စ်ဟမ်းဘုတ်အဖွဲ့အကြား ဆွေးနွေးမှုဟာ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

နူနိုဆန်တိုဟာ နော်တင်ဟမ်အသင်းကို အောင်မြင်မှု ရရှိစေခဲ့ပေမဲ့ အသင်းပိုင်ရှင်နဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ ၂၁ လကြာ ကိုင်တွယ်အပြီး ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။