ခြေချင်းဝတ်ဒဏ်ရာရခဲ့တဲ့ အမ်ဘာပေ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်း

ခြေချင်းဝတ်ဒဏ်ရာရခဲ့တဲ့ အမ်ဘာပေ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်း

ပြင်သစ်လက်ရွေးစင်အသင်းတိုက်စစ်မှူး အမ်ဘာပေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရပြီးနောက် မိခင်ကလပ်
ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)က အမ်ဘာပေဟာ အဇာဘိုင်ဂျန်ကို အနိုင်ရတဲ့ပွဲမှာ ညာခြေချင်းဝတ်ဒဏ်ရာ ရခဲ့ပြီး အိုက်စလန်နဲ့ပွဲကို လွဲချော်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမ်ဘာပေအနေနဲ့ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဗီလာရီးယဲလ်နဲ့ပွဲမှာလည်း ခြေချင်းဝတ် ထိခိုက်ခဲ့ပါသေးတယ်။

အခု အဇာဘိုင်ဂျန်နဲ့ပွဲမှာလည်း ယခင် ခြေချင်းဝတ်နေရာကိုပဲ ထပ်မံထိခိုက်ခဲ့တာဖြစ်တယ်။

ပြင်သစ်အသင်းက အမ်ဘာပေရဲ့နေရာကို အစားထိုးမဟုတ်ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ သုံးပွဲစလုံး အနိုင်ကစားထားပြီး အုပ်စု D ကို ဦးဆောင်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။