ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကြံ့ခိုင်မှုအပြည့်ရှိနေမယ်လို့ ဒမ်ဘီလီ ပြောကြား

PSG အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီက လာမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကြံ့ခိုင်မှုအပြည့်ရှိနေမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီဟာ ပါရီ FC အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူးနောက်ဆုံးပွဲစဉ်မှာ ကြွက်သားဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပွဲကစားချိန် မိနစ်(၃၀)မပြည့်ခင်မှာပဲ လူစားလဲခံခဲ့ရပါတယ်။

PSG နည်းပြ အင်နရီကေးက ဒမ်ဘီလီရဲ့ဒဏ်ရာ ပြင်းထန်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နီးကပ်နေချိန်ဖြစ်တာကြောင့် ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါတယ်။

အခု ပြင်သစ်ရုပ်သံ RMC Sport နဲ့ တွေ့ဆုံရာမှာ ဒမ်ဘီလီက ” ပါရီ FC နဲ့ပွဲမှာ နည်းနည်းစိုးရိမ်စရာဖြစ်ခဲ့ပေမဲ့ ကျွန်တော် ကောင်းနေပါပြီ။ ဗိုလ်လုပွဲအတွက် ကျွန်တော် အသင့်ဖြစ်မှာပါ။ ဗိုလ်လုပွဲအတွက် ကျွန်တော် (၁၀၀)ရာခိုင်နှုန်းဖြစ်မှာလားဆိုရင် ကျွန်တော် အဲဒီလိုပဲ ထင်ပါတယ်။ ဒါကို ကျွန်တော် သံသယမရှိပါဘူး။ မေ(၃၀)မှာ ကွင်းထဲမှာရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီက ဒီရာသီမှာ PSG အသင်းအတွက် ပြိုင်ပွဲစုံ(၃၉)ပွဲကစားကာ (၁၉)ဂိုးသွင်းယူပြီး ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားဆု ရရှိထားတာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ လွဲချော်မှာကို PSG ပရိသတ်တွေက စိုးရိမ်ခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

ဒမ်ဘီလီက သူ့အနေနဲ့ ဆုဖလားအောင်ပွဲများစွာ ထပ်မံရယူသွားနိုင်ဖို့ ဆန္ဒပြင်းပြနေဆဲဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။