ချစ်ခြင်းမေတ္တာ တကယ်ရှိသေးကြောင်းသက်သေပြတဲ့ ဒမ်ဘီလီတိုသူငယ်ချင်းနှစ်ယောက်

မိတ်ဆွေသူငယ်ချင်းဆိုတာ အေးအတူပူအမျှမရှိအတူ ရှိအတူဆက်ဆံရေးမျိုးထားရှိရတယ်။
ပျော်စရာကြုံတဲ့အခါ အတူရယ်မောပြီး
ငိုစရာကြုံတဲ့အခါ အတူဆွေးမြေ့ကြတယ်။

ပူပူနွေးနွေးBallon d’or ပိုင်ရှင် ဒမ်ဘီလီမှာလည်း
အတူရယ်မော၊အတူဆွေးမြေ့ပေးမယ့်နှလုံးသားချင်းဂျက်ပင်ထိုးထားတဲ့မိတ်ဆွေတစ်ဉီးရှိပါတယ်။

သူ့နာမည်က ဒီယက်တာပါ။
ဒမ်ဘီလီကို လဲကျချိန်တိုင်းနှစ်သိမ့်ပေးခဲ့သူဒီယက်တာပါ။
ဒဏ်ရာတောထဲကနေ ဒမ်ဘီလီလဲကျပြီးနာလံမထူနိုင်ချိန်၊ လူတကာရဲ့တံတွေးခွက်ထဲဆေးရုံအုပ်ကြီးအဖြစ် ဝေဖန်ခံနေရချိန်မှာ ဒီယက်တာက မေတ္တာမပျက်ခဲ့ဘူး။

မိသားစုဝင်တစ်ဉီးထက်ပိုတဲ့မေတ္တာကို ဒီယက်တာက ဒမ်ဘီလီအတွက်ပေးခဲ့တာပါ။
ချစ်ခြင်းနဲ့ ယုံကြည်မှုရစ်နွယ်ထားတဲ့ ငယ်သူငယ်ချင်းနှစ်ဦးကBallon d’or ဆုပေးပွဲမှာ မျက်ရည်ပြဇာတ်ကို အပြိုင်တင်ဆက်ခဲ့တယ်။

Ballon d’Or ဆုကိုလက်ခံရယူချိန်မှာ ဒမ်ဘီလီက သူငယ်ချင်းဒီယက်တာကို မမေ့မလျော့တခုတ်တရချီးကျူးခဲ့တယ်။
ဒမ်ဘီလီက ချီးကျုးချိန်မှာ ဒီယက်တာတစ်ယောက်
စင်အောက်မှာကြည်နူးမျက်ရည်တွေကျဆင်းနေခဲ့ပါတယ်။

ဒမ်ဘီလီက ”ငါ့ဘေးမှာမင်းရှိချိန်တိုင်း
ဘဝက အဓိပ္ပါယ်ပိုရှိလာတယ်” လိုပြောခဲ့ပါတယ်။
သူတိုရဲ့ချစ်ခြင်းဟာ စကားလုံးထက် ပိုမိုနက်နဲခဲ့
တယ်။ အချစ်ဆုံးသူငယ်ချင်းဆိုတာ အနာဂတ်ကို အတူတူအိပ်မက်မက်သူတွေမဟုတ်လား။

ဒမ်ဘီလီနဲ့ ဒီယက်တာဟာEvreux မြိုက La Madeleine အိမ်ရာစီမံကိန်းမှာ အတူတူကြီးပြင်းလာခဲ့ပါတယ်။ ဒမ်ဘီလီက ငါးထပ်မှာနေပြီး ဒီယက်တာက တစ်ထပ်မှာနေပါတယ်။
ဘောလုံးသမားဘဝအိပ်မက်ကိုလည်းအတူတူမက်ခဲ့ကြတာပါ။ LM Evreux အသင်းမှာ ဒမ်ဘီလီ၊ ဒီယက်တာတိုဟာ အူပါမယ်ကာနိုနဲ့ အသင်းဖော်ဖြစ်ခဲ့ဖူးပါတယ်။

ဒီယက်တာက ၂၀၁၉ ခုနှစ်မှာ CE LHospitalet ကစားသမားဘဝကနေ အနားယူခဲ့ပြီး
နာရီဆိုင်ဖွင်ထားသလို၊ သရုပ်ဆောင်ပညာ လေ့လာနေပါတယ်။

ဒမ်ဘီလီရဲအခမ်းနားဆုံးအိပ်မက်ဖြစ်တဲ့ Ballon d’Or အောင်ပွဲမှာ ချစ်ခြင်းမေတ္တာ တကယ်ရှိသေးတယ်ဆိုတာမြင်ခဲ့ရတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။