ကွင်းလယ်ကစားသမား ဘယ်လီဘာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၁၂၀)လို ဘရိုက်တန် သတ်မှတ်

ဘရိုက်တန်အသင်းက မန်ချက်စတာမြို့ခံအသင်းနှစ်သင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကင်မရွန်းကွင်းလယ်ကစားသမား ဘယ်လီဘာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၁၂၀)လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

ဘယ်လီဘာ(၂၁ နှစ်)ဟာ ၂၀၂၃ နွေရာသီမှာ လိုင်လီကနေ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ကြေး ယူရို(၂၇)သန်း+ Add-ons ကြေး ယူရို(၃)သန်းနဲ့ ရောက်ရှိခဲ့သူပါ။

ဘယ်လီဘာဟာ လက်ရှိအချိန်မှာ ဘရိုက်တန်အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် မန်ချက်စတာနှစ်သင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာတော့ မန်ယူအသင်း ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းထွက်နေပါတယ်။

ဒါပေမဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဘယ်လီဘာကို ဒီနွေရာသီမှာ ဘယ်အသင်းကပဲ ကမ်းလှမ်းသည်ဖြစ်စေ ဘရိုက်တန်အသင်းက ယူရိုသန်း(၁၂၀)တောင်းဆိုသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဘရိုက်တန်အသင်းရဲ့ ဥက္ကဋ္ဌ ပေါလ်ဘာဘာကတော့ လက်ရှိအချိန်အထိ မန်ယူအသင်းက မဆက်သွယ်သေးကြောင်းနဲ့ ဘယ်လီဘာကို အသင်းမှာ နှစ်များစွာ ဆက်ရှိစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။